ပါမစ်မြေ ၀ယ်ရင်

ဒီနေ့မနက်ပိုင်း
မင်္ဂလာဒုံမှာမြေကွက်အရောင်းဝယ်စာချုပ်
ချုပ်ပေးခဲ့ပါတယ်။ 
ပါမစ်မြေဖြစ်တဲ့အတွက် စည်ပင်မှာ
အမည်ပေါက်မှန်မမှန်စစ်ဆေးပြီး 
မှန်ကန်တာနဲ့တစ်ခါတည်း ငွေချေခဲ့ခြင်းပါ။ 
 ပါမစ်မြေရောင်းအားကောင်းရခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်း သည် အဓိကအချက်ဖြစ်သည်။ အရောင်းအဝယ်စာချုပ်ကို အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆိုနိုင်သည်။ အဆင့် ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ အ ရောင်းအဝယ် အဆက်အစပ် ကွင်း ဆက်မပြတ် အရောင်းအဝယ် ကတိ စာချုပ်များ ရှိရန်သာလိုသည်။
 မြေချပါမစ် စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့် ရှိသကဲ့သို့ မိမိအမည်ပေါက် နှစ် ၆ဝ ဂရန်လည်း 
လျှောက်ထားနိုင်သည်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီး ပါးသာ ကုန်ကျနိုင်သည်။ အခြား သူအမည်ပေါက် ဂရန်မြေကို ဝယ်ယူ အမည်ပြောင်းပါက မြေ၏ ရောင်းဖိုး ငွေကာလတန်ဖိုးပေါ်မူတည်ပြီး အခွန်ဆောင်ရခြင်း၊ မှတ်ပုံတင် အ ရောင်းအဝယ် စာချုပ် ချုပ်ရခြင်းဖြင့် ကုန်ကျစရိတ် အလွန်မြင့်မားသွား မည် ဖြစ်သည်။ 
ထိုကြောင့် ပါမစ်မြေ ကွက်ကို ဝယ်ယူကြ ခြင်းဖြစ်သည်။
ခေတ်စနစ်၊ လုပ်ထုံးလုပ်နည်း တို့သည် အမြဲတည်မြဲနေသည် မရှိ ပေ။ 
အထူးသဖြင့် ဌာနတွင် ဌာနဆိုင် ရာ လုပ်ထုံးလုပ်နည်းများသည် အပြောင်းအလဲ မြန်ဆန်တတ်ပါသည်။
ထို့ကြောင့် မြေချပါမစ်ဝယ်သူ များအနေဖြင့် အစစ်အမှန်ဟုတ်၊ မဟုတ် စစ်ဆေးရန် အထူးလိုအပ်ပါသည်။ 
 မြေချပါမစ်ဝယ်သူများအနေ ဖြင့် ယခင်ကမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေး မှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်း တံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ် မြေဟု ပုံစံ နှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။
Crd ,ဥပဒေရေးရာ

Post a Comment

0 Comments