အောင်ဘာလေထီလက်မှတ်များ Online မှရောင်းချရန် နည်းပညာဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီ (၄၀) ကျော်ထိ လျှောက်ထား

အောင်ဘာလေထီလက်မှတ်များ Online မှရောင်းချရန် နည်းပညာဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီ (၄၀) ကျော်ထိ လျှောက်ထား

 (Sep- 16)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို Online မှ ရောင်းချနိုင်ရန် နည်းပညာပိုင်းပံ့ပိုးမှုများ ပြုလုပ်ဆောင်ရွက် ပေးနိုင်မည့် Service Provider လုပ်ငန်းတစ်ခုကို ရွေးချယ်ဌားရမ်းကာ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြချက် (Expression of Interest - EOI) အဆိုပြုလွှာများပေးပို့နိုင်ကြောင်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ရာ ယခုအခါ နည်းပညာဝန်ဆောင်မှုပေးလိုသည့် ကုမ္ပဏီပေါင်း (၄၀) ကျော်အထိ လျှောက်ထားမှုရှိလာပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီ (၄၀) ကျော်ထဲမှ ပထမအဆင့်ကို မကြာမီ စိစစ်ရွေးသွားမှာဖြစ်ပြီး၊ လုပ်ငန်းစတင်မည့်အချိန်ကို အတိအကျ မပြောနိုင်သေးသော်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Post a Comment

0 Comments