အိမ်/ခြံ/မြေ အမေးအဖြေ

..............

ကျွန်တော် ယခုနေထိုင်တဲ့ နေရာက မိဘဘိုးစဉ်ဘောင်ဆက်ကတဲ့က ရွာမြေနေရာပါ။၁၉၈၈ ခုနှစ် နောက်ပိုင်းရွာကိုမြို့ ကွက်ရိုက်ခဲ့ပါတယ်။ ကျနော်တို့ ခြံမြေတဝက်ကျော် မြို့ကွက်ရိုက်တဲ့ အထဲပါသွားပြီးကျန်မြေမှာဆက်နေထိုင်ခဲ့ပါတယ်။ ဤကျန် မြေကိုတရားဝင်ဖြစ်ဖို့ ဘာလုပ်သင့်ပါသလဲ။ ဘိုးဘွားပိုင် မြေအဖြစ် လျောက်ထားလို့ ရပါသလား။ ကျေးဇူးပြု၍ ဖြေကြားပေးပါ ခင်ဗျာ။
မေးသူ - Myint Oo
...
ရွာမြေက ဘယ်လိုရွာမြေလဲ စိစစ်ရပါမယ်။ (၁) ရွာမြေသည်မြေပုံပေါ်မှာ စကားဝါရောင်ဆေးနဲ့ အနားသတ်ထားတဲ့မူလကပင်တည်ရှိနေသည့် ရွာမြေလား၊ မူလက လယ်ယာမြေဖြစ်ပြီး လန(၃၉) (သို့မဟုတ်) လယ(၃၀)ခွင့်ပြုမိန့် ကျထားတဲ့ ရွာမြေလား၊ (၃)တစ်မြို့မှာ တစ်ရွာကို ကျေးရွာဂရန်ပေးရမည်ဆိုသော စီမံချက်ဖြင့် ချပေးသည့်ရွာမြေလား (၄)အစကတော့လယ်ယာမြေဖြစ်ပြီး ရပ်ရွာတိုးချဲ့စေရန် အကွက်ရိုက်ရောင်းချပေးသည့်ရွာမြေလား မည်သည့်ရွာမြေထဲတွင်ပါဝင်မှုရှိသလဲ ကနဦးစုံစမ်းသိရှိဖို့လိုပါတယ်။ စီမံချက်အရ ချပေးထားတဲ့ရွာမြေဆိုလျှင် တရားဝင်ချပေးထားသည့်မြေဖြစ်လို့ ပြေစာလက်မှတ်တွင်အမည်ပေါက်သူကပိုင်ဆိုင်မည်ဖြစ်ပါသည်။ အကယ်၍ အကွက်ရိုက်ရောင်းချသည့်ရွာမြေဆိုပါက သက်ဆိုင်ရာမြေစာရင်းရုံးတွင် ပုံစံ၁၀၅/၁၀၆ ရေးကူုးပြီး သတ်မှတ်ထားသောအခွန်နှုန်းထားများပေးဆောင်ပြီး နေထိုင်သူတို့အမည်ပေါက်လျှောက်ထားပြီးမှ တရားဝင်ပိုင်ဆိုင်မှုရရှိမှာဖြစ်ပါတယ် ။ ရွာမြေအမျိုးအစားဟု မြေပုံမြေရာဇဝင်တွင် ဖော်ပြမှတ်သားထားပါက ဘိုးဘွားပိုင်မြေအဖြစ် ပြောင်းလဲလျှောက်ထားခွင့် မရှိပါကြောင်း၊ ဖြေဆိုလိုက်ရပါသည်။


Post a Comment

0 Comments