ရွာမြေဆိုသည်မှာ

 ရွာမြေဆိုသည်မှာ ခောတ်ကာလအဆက်ဆက်တွင်

လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။
ပါမစ် ဂရန်တို့ကဲသို့ စာရွက်စာတမ်းအနေနှင့်သီးခြားပုံသေသတ်မှတ်ထားခြင်းမရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သောနယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။
ရွာနှင့်ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ကျွဲနွားလွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။ ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်းတည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။
ရွာမြေကို ၀ယ်ယူရာတွင် သတိထားစရာအချက်အလက်များမှာ


********************************************************************
(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်၀န်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများ အားမေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။
(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ ထိုမြေကွက်များကို ၀ယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့်မရ၊ အမည်ပေါက်လဲပြောင်းလဲမရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။
(၃) အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင်နှင့်ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေတွင်ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။
(၄) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာစီစစ်ရာမှ ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြသောကျူးးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည်။
(၆) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့်ရှိနေနိုင်ပါသည်။ 50'x60' / 45'x90'/ 60'x120' စသည်ဖြင့် ပြန်လည်စိတ်ပိုင်းရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာသတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်။
မိမိတနိုင်တပိုင် ဘတ်ဂျက်ဖြင့်၀ယ်ယူလိုသူများအတွက် အနည်းငယ်မျှ အထောက်အကူဖြစ်နိုင်ပါစေဟု ဆန္ဒမွန်ဖြင့်...။
အရောင်းအ၀ယ်အားလုံးအဆင်ပြေချောမွေ့ပါစေ။
မူရင်းတင်သူအား #crd ပေးပါတယ်

Post a Comment

0 Comments