ငါးနှစ်အတွင်း ပဲစင်းငုံစျေး အမြင့်ဆုံးပြန်ရောက်ရှိပြီး ယခုရက်ပိုင်းအတွင်း မတ်ပဲစျေး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းခန့် စျေးတက်နေ

 မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် ပဲစင်းငုံစျေးသည် ငါးနှစ်အ တွင်း အမြင့်ဆုံးစျေးပြန်ရောက်ရှိပြီး မတ်ပဲ အခုရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်ကို ကျပ်တစ်သောင်းခန့် စျေးတက်နေပြီး အသစ်ဝင်ရောက်လာသည့် စမုန့်နှမ်းအနက်များ ပစ္စည်းကောင်း ပစ္စည်းသန့်များကို လှောင်လက်များက စျေးကောင်းပေးဝယ်နေ သည်ဟု မန္တလေးမြို့ ပဲကုန်သည်များထံက သိရသည်။


“မတ်ပဲ ပဲစင်းငုံ စျေးတွေ အခုရက်ပိုင်း စျေးတွေတက်ပြီး စျေးအေးနေတယ် ထပ်မတက်တော့ဘူး။ အဓိက စျေးတက်ရတာက အိန္ဒိယပို့ဖို့  FOB (သင်္ဘောပေါ် ပစ္စည်းတင် ပြီးတဲ့အထိ) အရောင်းအဝယ် ဖြစ်တယ်။ ငွေ စျေးအတက်အကျနဲ့ အရောင်းအဝယ်ဖြစ်ကြ တယ် ဟိုဘက်ရက်ပိုင်းက FOB  ကလည်း တောင်းတယ်။ ငွေစျေးအတက်အကျနဲ့ ကြောင့် ပဲစင်းငုံက မန္တလေးစျေး သုံးတင်းဝင် တစ်အိတ် ၁၂၃၀၀၀ အထိ စျေးတက်သွား တယ်။ ဒီနေ့ စျေးပြန်အေးတော့ ၁၂၀၀၀၀ စျေးရှိတော့တယ်။ မတ်ပဲစျေး ၁၃၁ဝဝဝစျေးနဲ့ စျေးတက်ပြီး ဒီနေ့တော့ ၁၂၉၀၀၀ ကနေ ၁၃၀၀၀၀ စျေးရှိတယ် အရင်ရက်ပိုင်းတွေ ကထက် ပဲစင်းငုံနဲ့ မတ်ပဲစျေး က သုံးတင်းဝင် တစ်အိတ်ကို ကျပ်တစ်သောင်းခန့် စျေးတက် ပါတယ်။ စမုန့်နှမ်းအနက်က ပစ္စည်းသန့် တယ်တွေ ရွေးပြီး လှောင်လက်တွေ ဝယ်နေ ကြတော့ စျေးတက်တာ ပစ္စည်းညံတာတွေကျ စျေးမတက်ဘူး။ မဝယ်ကြပါဘူး။ စမုန့်နှမ်း အနက် စျေးက ၁၆၀၀၀၀ ကနေ ၁၆၅၀၀၀ ကြား စျေးရှိပြီး ပစ္စည်းသန့်ပြီးကောင်းတာတွေ လှောင်လက်တွေ ဝယ်ပြီး လှောင်နေကြတယ် အခုက နှမ်းအသစ်တွေ ပစ္စည်းအသစ်ပေါ် ချိန်ပါ အရင်က စမုန့်နှမ်း စျေးကောင်းတဲ့ အချိန်က နှစ်သိန်းကျော် စျေးရှိတယ် အခု စျေးက စျေးကောင်းတယ်လို့ ပြောလို့မရသေး ဘူး။ ဟိုအရင်ရက်ပိုင်းက စမုန့်နှမ်းစျေးက ငွေစျေးအပြောင်းအလဲ သိမ့်မရှိခင်က တစ် အိတ် ကို ၁၄၅၀၀၀ စျေးအမြင့်ဆုံးရှိတာပါ နှမ်းအဟောင်း ပစ္စည်းကောင်းမှ ၁၄၅၀၀၀ စျေးရှိတာ မြေပဲဆံစျေးက မကောင်းဘူး။ တ ချို့တလေက တရုတ်ပြည်ပို့ဖို့ လမ်းခုလပ် ရောက်နေတဲ့ မြေပဲဆံတွေတောင် မပို့တော့ ဘဲပြန်သယ်ပြီး စျေးကွက်ထဲ ပြန်ရောင်းနေကြ တာတွေရှိတယ်။ ပဲတီစိမ်းစျေး ၉၀၀၀၀ ကနေ ၁၀၀၀၀၀ ကြားရှိတယ်။ ပဲစင်းငုံစျေးက ငါးနှစ်အတွင်း အမြင့်ဆုံးစျေးပြန်ရောက်လာ တယ်လို့ ပြောလို့ရတယ်။ ၂၀၁၇ -၂၀၁၈ လောက်က စျေးအနိမ့်ပိုင်းအထိ ကျဆင်းခဲ့ပြီး အရောင်းအဝယ် မဖြစ်သလောက် ဖြစ်သွား တယ်။ အခုက ၂၀၁၅ -၂၀၁၆ လောက်စျေး ပြန်ရောက်သွားတယ်လို့ ပြောလို့ရတယ် ဒါ ပေမဲ့ တောင်သူလက်ထဲ ပစ္စည်းသိပ်မရှိကြ ပါဘူး”ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင် များ ကထိန်တော်အသင်း(မန္တလေးကုန်စည် ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။

ပြည်ပမှ တင်သွင်းသည့် စားတော်ပဲ ဝင်ရောက်မှု မရှိခြင်း၊ ပြည်တွင်းစားသုံးမှုများ သည့်ကုလားပဲ အုပ်စုပဲများမှာ သုံးတင်း ဝင်တစ်အိတ် ပုံမှန်စျေး ကျပ် ၈၀၀၀၀ ကနေ ၉၀၀၀၀ ဝန်းကျင်မှ လက်ရှိအချိန် (သြဂုတ် ၁၉ ရက်)တွင် ကုလားပဲတစ်အိတ် ကျပ် ၁၃၀၀၀၀ ထိပေါက်စျေးရှိလာကြောင်း ပြည် တွင်းစားသုံးမှုများ စွန်တန်နီ စွန်တန်ပြာ ထောပတ် ပဲကြီး ပဲဇီးကွက် ပဲများ တစ်အိတ်ကို ယခုရက်အတွင်း ကျပ်သုံးသောင်းခန့်စျေးတက်နေသည်ဟု သိရသည်။

credit eleven

   

Post a Comment

0 Comments